၂၀၁၇ ကမ္ဘာ့ ကား​ဈေးကွက်ထဲမှာ ရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ SUV များ – MMM Car Sales Center
Searching Inventory...

၂၀၁၇ ကမ္ဘာ့ ကား​ဈေးကွက်ထဲမှာ ရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ SUV များ

2017-New-Truck-SUV-Buyers-Guide-lead

(၁) Honda CR-V
————————
 
၂၀၁၆ – ၂၀၁၇ ဟာ CRV ရဲ့  နှစ်လို့ ဆိုရမှာပါ။ ဒီနှစ်မှာလည်း CRV က ရောင်းအားအကောင်းဆုံး မော်ဒယ်အဖြစ် အခုချိန်အထိ ရပ်တည်နိုင်ထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက သူ့ ရဲ့  အဓိကပြိုင်ဖက်ဖြစ်တဲ့ RAV-4 က တစ်နှစ်အတွင်း အစီးရေ ၇.၅ သိန်းလောက်ရောင်းချခဲ့ရပြီး CR-V က အစီးရေ ၇.၁ သိန်းပဲ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ အလွန် ၂၀၁၆ မှာတော့ CR-V ကရောင်းအားတက်လာပါတယ်။ ၂၀၁၆ အောက်တိုဘာလအတွင်း Honda က မျိုးဆက် ၅ ဆက်မြောက် CR-V ကို မိတ်ဆက်လိုက်တဲ့နောက်မှာတော့ သိသိသာသာကို လူကြိုက်လူကြိုက်များလာပြီး ရောင်းအားတက်လာခဲ့တာဖြစ်ပါတယ်။
 
၂၀၁၇ မော်ဒယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ စတင်ထုတ်လုပ်နေခဲ့တာဖြစ်ပြီး အင်ဂျင်စနစ် ၂ မျိုးနဲ့  ရနိုင်လာပါတယ်။ တစ်ခုက ၂.၄ လီတာသုံး ပုံမှန် ဓါတ်ဆီအင်ဂျင်ဖြစ်ပြီး နောက်တစ်မျိုးက ၁.၅ လီတာသုံး Turbocharged စနစ်ပါရှိတဲ့ ဓါတ်ဆီအင်ဂျင်တွေ ဖြစ်ပါတယ်။ ဂီယာပိုင်းမှာလည်း CVT နဲ့ ဖြစ်လာပါတယ်။
 
(၂) Toyota RAV-4
————————-
 
၂၀၁၆ ခုနှစ်အတွင်း အစီးရေ ၇.၂ သိန်းလောက်ရောင်းချထားရပြီး ရောင်းအားတက်နေဆဲဖြစ်ပေမယ့် CR-V က ပိုရောင်းနေရလို့ ရောင်းအားအကောင်းဆုံးမော်ဒယ်နေရာကနေ ဖယ်ပေးလိုက်ရတာဖြစ်ပါတယ်။ ကုမ္ပဏီကတော့ အရင်ကထက် ရောင်းအား ၉.၄ ရာခိုင်နှုန်း မြင့်တက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
 
အင်ဂျင်စနစ်ကို လိုသလို စိတ်ကြိုက်ရွေးချယ်နိုင်အောင် ထုတ်လုပ်ပေးထားတာတွေ့ ရပါတယ်။ ဓါတ်ဆီအင်ဂျင်အနေနဲ့ ဆိုရင် ၂.၀ လီတာသုံးရယ်၊ ၂.၅ လီတာသုံးရယ် ရနိုင်တယ်၊ ဒီဇယ်အနေနဲ့ ဆိုရင် ၂.၂ လီတာသုံး အရွယ်ရနိုင်သလို Hybrid နဲ့ ဆိုရင်လည်း ၂.၅ လီတာသုံး ဓါတ်ဆီအင်ဂျင်နဲ့ ရနိုင်အောင် ထုတ်လုပ်ထားတာတွေ့ရပါတယ်။
 
(၃) Hyundai Tucson
—————————-
တောင်ကိုရီးယားကုမ္ပဏီရဲ့ မော်ဒယ်က တစ်နှစ်အတွင်း ရောင်းအား ၁ ဆကျော် တက်လာပြီး ဈေးကွက်မှာ ရောင်းအားအကောင်းဆုံးစာရင်း ၀င်လာပါတယ်။ ၂၀၁၅ုနှစ်ထိအောင် အစီးရေ တစ်နှစ်အတွင်း ၃ သိန်းကျော်ပဲ ရောင်းချခဲ့ရပေမယ့် ၂၀၁၆ မှာတော့ ၇သိန်းနီးပါးထိအောင် ရောင်းချလာရပါတယ်။
 
ကုမ္ပဏီက မော်ဒယ်ရဲ့ ရောင်းအားဟာ ၁ နှစ်အတွင်း ၁၁၀.၂ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ ဆိုပါတယ်။ ၂၀၀၄ ခုနှစ်ကမှ စတင်ထုတ်လုပ်ရောင်းချလာတဲ့ မော်ဒယ်ဖြစ်ပြီး လက်ရှိမှာ တတိယမျိုးဆက်အဖြစ် ပြောင်းလဲထုတ်လုပ်နေပြီလည်း ဖြစ်ပါတယ်။ ဓါတ်ဆီရော ဒီဇယ်အင်ဂျင်အဖြစ်နဲ့ပါ ရနိုင်ပြီး ဓါတ်ဆီအနေနဲ့ ဆိုရင် ၁.၆ လီတာသုံးနဲ့ ၂.၀ လီတာသုံး အင်ဂျင်တွေထုတ်လုပ်ရောင်းချသလို ဒီဇယ်ဆိုရင်လည်း ၁.၇ လီတာသုံးနဲ့ ၂.၀ လီတာသုံးတွေ ရနိုင်ပါတယ်။ ဂီယာပိုင်းမှာ ၂ မျိုး ရနိုင်ပြီး ၆ ချက်သုံး Auto နဲ့လည်းရနိုင်သလို ၇ ချက်သုံး DCT နဲ့လည်းရနိုင်ပါတယ်။
 
(၄) Haval H6
——————-
 
ဒီမော်ဒယ်က ကျွန်တော်တို့  ပြည်တွင်းဈေးကွက်နဲ့ လည်း မရင်းနှီးသလို အခြားနိုင်ငံတော်တော်များများနဲ့  လည်း စိမ်းပါတယ်။ အခုလို လူသိနည်းတဲ့မော်ဒယ်က ကမ္ဘာ့ အရောင်းရဆုံး SUV ကားစာရင်းမှာတော့ အဆင့် ၄ ချိတ်ထားပါတယ်။
 
သူ အဆင့် ၄ မှာရပ်တည်နိုင်လာတဲ့ အဓိကအကြောင်းကတော့ ကမ္ဘာ့ အကြီးဆုံးကားဈေးကွက်ရှိနေတဲ့ တရုတ်မှာ ရောင်းအားအကောင်းဆုံးကားဖြစ်နေလို့ ပါ။ တရုတ်အခြေစိုက် Great Wall Motors ရဲ့ SUV မော်ဒယ်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ရောင်းချလာတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အစီးရေ ၃.၇ သိန်းလောက် ရောင်းချထားရသလို ၂၀၁၆ မှာ အစီးရေ ၅.၈ သိန်းလောက် ရောင်းထားရပါတယ်။ ရောင်းအား ၅၅.၆ ရာခိုင်နှုန်းတိုးတက်လာတာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီက တရုတ်နဲ့ ဥရောပကို ဈေးကွက်တင်ရောင်းချနေတာ တွေ့ရပါတယ်။ အင်ဂျင်ပိုင်းမှာ ၁.၅ လီတာသုံးနဲ့ ၂.၄ လီတာသုံး ဓါတ်ဆီအင်ဂျင်တွေနဲ့ ရနိုင်သလို ၂.၀ လီတာသုံး ဒီဇယ်အင်ဂျင်နဲ့လည်းလာပါတယ်။ ဂီယာပိုင်းမှာ ၃ မျိုး ရနိုင်ပြီး Manual နဲ့ ဆိုရင် ၅ ချက်နဲ့ ၆ ချက်တွေရနိုင်ပြီး Auto နဲ့ ဆိုရင်တော့ ၄ ချက်ပဲရပါတယ်။
 
(၅) Volkswagen Tiguan
——————————-
၂၀၁၅ ခုနှစ်ကထက်စာရင် ရောင်းအားသိပ်မတက်ပေမယ့် ၂၀၁၆ ထိအောင် ပျမ်းမျှ အစီးရေ ၅ သိန်းကျော် နှစ်စဉ် ရောင်းချထားရသလို အခုလည်း ၂.၇ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ သိရပါတယ်။
 
အရင်နှစ်တွေက အမြင့်ဆုံးအဆင့် ၃ ထိအောင် ရှိခဲ့ရာကနေ အခုနောက်ပိုင်းမှာတော့ ရောင်းအားနည်းနည်းကျလာတာ ဖြစ်ပါတယ်။ ထူးခြားချက်က ထုတ်လုပ်မှု ပုံစံ ၂ မျိုးနဲ့ လာပြီး ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြားပမာဏကို ဒေသနဲ့ လမ်းအခြေအနေပေါ် မူတည်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်အောင် အရှည်၊ အတို ၂ မျိုး ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ ဥရောပ၊ တရုတ်၊ မြောက်အမေရိကဈေးကွက်တွေမှာ အထူးပဲလူကြိုက်များတာ တွေ့ရပါတယ်။

Leave a reply