Lexus ရဲ့  အလန်းစား ဇိမ်ခံဆီဒင် LS 2018 – MMM Car Sales Center
Searching Inventory...

Lexus ရဲ့  အလန်းစား ဇိမ်ခံဆီဒင် LS 2018

ဇိမ်ခံကားဈေးကွက်မှာ နာမည်ကြီးတဲ့ Lexus က ၎င်းတို့ ရဲ့  ဇိမ်ခံဆီဒင်အမျိုးအစားဖြစ်တဲ့ LS 2018 မော်ဒယ်သစ်ကို လာမယ့်
၂၀၁၈ အစောပိုင်းမှာ ဈေးကွက်ကို စတင်ဖြန့် ချိသွားမယ်လို့ ဆိုပါတယ်။

မော်ဒယ်သစ်မှာ အင်ဂျင်ပိုင်းကို အပြောင်းအလဲလုပ်ပြီး ထုတ်လုပ်လာတာတွေ့ ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ LS စီးရီးမော်ဒယ်တွေမှာ
V8 အင်ဂျင်တွေနဲ့  ထုတ်လုပ်ခဲ့ပေမယ့် ၂၀၁၈ မော်ဒယ်တွေမှာတော့ V6 အင်ဂျင်တွေနဲ့ ထုတ်လုပ်လာတာ ဖြစ်​ပါတယ်။
အသစ်တွဲဖက်ပေးလိုက်တဲ့ V6 အင်ဂျင်က စွမ်းဆောင်ရည်အနေနဲ့  မြင်းကောင်ရေ ၄၁၆ ကောင်အားအထိ ထွက်ရှိမှာဖြစ်ပြီး
အင်ဂျင်အထနှုန်းက သုညကနေ မိုင် ၆၀ အရှိန်နှုန်းကိုရောက်ဖို့  အချိန် ၄.၆စက္ကန့် ပဲကြာမှာဖြစ်ပါတယ်။

ဂီယာစနစ်မှာလည်း ၁၀ ချက်အထိ အသုံးပြုသွားနိုင်မယ့် အော်တိုဂီယာနဲ့ အထိုင်ချထားတာတွေ့ ရပါတယ်။ ဆီစားနှုန်းကလည်း
တစ်ဂါလံကို ပျမ်းမျှ ၂၈ မိုင်အထိ မောင်းနှင်လာနိုင်မှာဖြစ်တာကြောင့် အရင်နှစ်မော်ဒယ်နဲ့ ယှဉ်ရင် သက်သာလာမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ . . .

 

Leave a reply