RAV 4 ဆိုတာက . . . – MMM Car Sales Center
Searching Inventory...

RAV 4 ဆိုတာက . . .

နိုင်ငံတကာဈေးကွက်ကိုဖြန့် ချိတဲ့ မော်ဒယ်ဖြစ်ပြီး  Toyota ရဲ့ ရောင်းအားအကောင်းဆုံး အသေးစား SUV မော်ဒယ်လည်း ဖြစ်ပါတယ်။

အသေးစား SUV တွေထဲမှာ ပြိုင်ဖက်မရှိလောက်အောင် လူကြိုက်များခဲ့တဲ့ မော်ဒယ်ဖြစ်ပြီး အခုနောက်ပိုင်းနှစ်တွေမှသာ Honda CR-V က ပြိုင်ဖက်ကောင်းအနေနဲ့ ရပ်တည်နိုင်လာတာ တွေ့ ရပါတယ်။

၁၉၉၄ ခုနှစ်မှာ ဂျပန်နဲ့ ဥရောပမှာ စတင်ရောင်းချခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ မြောက်အမေရိကဈေးကွက်ကို ခြေဆန့်ခဲ့တာတွေ့ရပါတယ်။ ရှေ့ဘီးယက်စနစ်နဲ့လည်းရနိုင်ပြီး ယင်းမော်ဒယ်တွေက ဆီစားနှုန်းပိုချိုတာ တွေ့ရပါတယ်။

လမ်းကြမ်းပိုင်းစွမ်းဆောင်ရည် ဦးစားပေးဖန်တီးထားတဲ့ FJ Cruiser မော်ဒယ်နဲ့ ဖန်တီးမှု နီးစပ်သလို ကိုယ်ထည်ပိုကြီးတဲ့မော်ဒယ်မျိုး  လိုချင်သူတွေအတွက်လည်း  Vanguard မော်ဒယ်ကို RAV-4 ရဲ့ နောက်ဆက်တွဲမော်ဒယ်ပုံစံနဲ့ ထုတ်လုပ်ဖြန့် ချိတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ မော်ဒယ်မှာဆိုရင် တပ်ဆင်ထားတဲ့ အင်ဂျင်၊ ဘီးနဲ့ တာယာတွေက လိုက်ဖက်ညီပြီး အကောင်းဆုံး အံဝင်လာတယ်လို့ 
စမ်းသပ်မောင်းနှင်သူက သုံးသပ်ထားပါတယ်။ မောင်းနှင်နေတဲ့အချိန်မှာ ဘီးနဲ့ လမ်းရဲ့  ပွတ်တိုက်သံမျိုးကို သိပ်မကြားရပါဘူးတဲ့။
လမ်းကြမ်းမျိုးမှာမောင်းနှင်ကြည့်တော့လည်း မော်ဒယ်က ဆူညံသံသိပ်မထွက်ဘူးလို့ ဆိုပါတယ်။ တန်းတူမော်ဒယ်တွေထဲမှာ
လမ်းကြောင့်ဖြစ်တက်တဲ့ ဆူညံသံနည်းတဲ့ကား ဖြစ်လာပါတယ်။

Sport ဆန်တဲ့ ရုပ်ထွက်နဲ့ ပြင်ဆင်လာပေမယ့် မောင်းနှင်ရတာ Sport မော်ဒယ်တွေလို သွက်လက်မှုကို ဦးစားပေးထားတာမျိုး မဟုတ်ပဲ ဇိမ်ခံတွေလို ညင်သာမှုကိုဦးစားပေးထားတာကြောင့်မောင်းနှင်ရတာ သက်သောင့်သက်သာပိုဖြစ်လာပါတယ်။

ဒုတိယထိုင်ခုံတန်းက အရင်မော်ဒယ်တွေနဲ့  သိပ်မကွာပေမယ့်နောက်ဘက်ဝန်တင်ခန်းကိုတော့ ကျယ်အောင် ချဲ့ လာတာ တွေ့ ရပါတယ်။

လုံခြုံရေးနဲ့ အချက်ပြစနစ်တွေက အဆင့်မြင့်လာပြီး ဇိမ်ခံတန်းမြင့်မော်ဒယ်တွေရဲ့  နည်းပညာမျိုးသုံးနိုင်အောင် ဖန်တီးလာတာ တွေ့ရပါ
တယ်။

အင်ဂျင်စွမ်းရည်ကတော့ တန်းတူမော်ဒယ်တွေနဲ့ယှဉ်ရင် နည်းနည်းအားနည်းသလိုရှိတယ်လို့  သုံးသပ်ထားတာတွေ့ ရပါတယ်။

ယာဉ်မောင်းအတွက် မောင်းနှင်မှု ဆိုင်ရာအလိုအလျောက် အကူအညီပေးစနစ်တွေ ထပ်ထည့်လာတာတွေ့ရတယ်။ လမ်းကျဉ်းအချက်ပြစနစ်တွေ၊ ဘေးဘက် အာရုံခံစနစ်တွေ၊ အလိုအလျောက် အတင် အချလုပ်ပေမယ့် ရှေ့  မီးကြီးစနစ်တွေ တွေ့ရပါတယ်။

၂၀၁၇ မော်ဒယ်မှာ Platimun မော်ဒယ်ခွဲကို အသစ်ထုတ်လုပ်လာပြီး ဈေးနှုန်းရော နည်းပညာပိုင်းနဲ့ အရည်အသွေးကိုပါ အမြင့်ဆုံးဖြစ်
အောင် ဖန်တီးထားတာတွေ့ရပါတယ်။

မော်ဒယ်ခွဲရွေးချယ်နိုင်မှု အနေနဲ့ကတော့ LE, XLE, SE, Limited နဲ့ Platimun တွေဆိုပြီး ရွေးချယ်နိုင်မှာပါ။

ရှေ့  ဘီးယက်အနေနဲ့ရော စွမ်းဆောင်ရည်ပိုကောင်းမယ့်၎ ဘီးယက်စနစ်နဲ့ပါ ရနိုင်ပါတယ်။

အင်ဂျင်က ၂.၅ လီတာသုံး လေးလုံးထိုးအင်ဂျင်ဖြစ်ပြီးတော့ ရုန်းအား ၁၇၂ပေါင်-ပေမှာ မြင်းကောင်ရေ ၁၇၆ကောင်အား ထွက်ရှိမှာပါ။

ဂီယာပိုင်းကတော့ ၆ ချက်သုံး Auto အဖြစ် ဖန်တီးထားတာပါ။ ဘရိတ်စွမ်းဆောင်ရည်က တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကနေ ရပ်တန့်မယ်ဆိုရင် ပေ ၁၂၅ မှာ ရပ်တန့် မယ်လို့  သိရပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ . . .

 

Leave a reply