How to buy
အရောင်းပြခန်းရှိ ကားများကို မျက်မြင်ကြည့်ရှုစစ်ဆေးကာ လက်ငင်းငွေချေစနစ် ( သို့ မဟုတ် ) အရစ်ကျငွေချေစနစ်ဖြင့် လိုသလို
ရွေးချယ်ဝယ်ယူနိုင်ပါသည်။
- အရစ်ကျငွေချေစနစ်ဖြင့် ၀ယ်ယူလိုပါက ရိုးမဘဏ် ( သို့ မဟုတ် ) ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ ၁ နှစ် အရစ်ကျငွေသွင်းစနစ် /
၂ နှစ် အရစ်ကျငွေသွင်းစနစ်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။
အရစ်ကျဝယ်ယူမည်ဆိုပါက . . . .
- မော်တော်ကားတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း သို့ မဟုတ် ၄၀ ရာခိုင်နှုန်းကို ပေးသွင်းရပါမည်။ ထို့ နောက် — ဘဏ်တိုး ( ဘဏ်တိုးမှာ ကျန်ငွေအပေါ်မူတည်၍ ၁ နှစ်အရစ်ကျဖြင့် ၀ယ်ယူမည်ဆိုပါက ၇ ရာခိုင်နှုန်း၊ ၂ နှစ်အရစ်ကျဖြင့်
ဝယ်ယူမည်ဆိုပါက၁၃ ရာခိုင်နှုန်း )– ဘဏ်ဝန်ဆောင်ခ ၂ ရာခိုင်နှုန်း
– အလုံးစုံအာမခံကြေး ( ကားတစ်စီးလုံး၏ ၁.၂ ရာခိုင်နှုန်း ( ခန့် မှန်း ) ) တို့ ကို ပထမဆုံးအကြိမ်ပေးသွင်းရမည်ဖြစ်ပါသည်။
– ကျန်ငွေ ကားတန်ဖိုး ၆၀ ရာခိုင်နှုန်းကို မိမိဝယ်ယူသည့် အရစ်ကျနှစ် အပေါ်မူတည်၍ တွက်ချက်ကာ တစ်လချင်း ပေးသွင်းသွားရ
မည်ဖြစ်ပါသည်။
လိုအပ်သည့် အချက်အလက်များမှာ . . .
ကားဝယ်သူ အာမခံပေးသူ
– မှတ်ပုံတင် – မှတ်ပုံတင်
– သန်းခေါင်စာရင် – သန်းခေါင်စာရင်း
– ရပ်ကွက်ထောက်ခံစာ – ရပ်ကွက်ထောက်ခံစာ
– ရဲစခန်းထောက်ခံစာ – ရဲစခန်းထောက်ခံစာ
– ယာဉ်မောင်းလိုင်စင် မိတ္တူ
– အိမ်/တိုက်ခန်း ( ရောင်းဝယ်စာချုပ်/အိမ်ဂရန် )
လေလံဆွဲ၍ ၀ယ်ယူလိုပါက . . . .
- လေလံအောင်ချိန်တွင်– ရန်ကုန်အရောက် မော်တော်ကားတန်ဖိုး
– သဘောင်္ခ နှင့် စလစ်ကပ်ကားဖြစ်ပါက စလစ်ဖိုးပေးချေရမည်ဖြစ်ပါသည်။
– ပါမစ်လျှောက်ခ
– ဆိပ်ကမ်းသို့  ကားရောက်ပါက ကျသင့်မည့် အခွန်အခများ
– နိုင်ငံတော်မှ ကောက်ခံသော ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်း
– က.ည.န အခွန်
– Agent Fee နှင့် ကျသင့်ငွေများကို ၀ယ်ယူသူမှ ပေးချေရမည် ဖြစ်ပါသည်။