Toyota C-HR 2018 Model – MMM Car Sales Center
Searching Inventory...

Toyota C-HR 2018 Model

Nissan Juke နဲ့ ဆင်တူတဲ့ ပုံစံနဲ့ ပွဲထွက်လာတဲ့ SUV မော်ဒယ်ပဲဖြစ်ပါတယ်။ မော်ဒယ်က SUV ကိုယ်ထည်နဲ့ ဖြစ်နေပေမယ့်
လက်ကိုင်စနစ်ကိုတော့ Sport ကားတွေမှာတွေ့ရတဲ့စနစ်မျိုးနဲ့  ဖန်တီးထားပါတယ်။ ပေါ့ပါးပြီး သွက်လက်ပါတယ်။ အထူးသဖြင့်
ကွေ့လမ်းကြောင်းမောင်းနှင်မှုမှာ အထူးကောင်းမွန်တာလည်း တွေ့ရပါတယ်။

မျက်နှာသစ်မော်ဒယ်ဖြစ်တာကြောင့် ဈေးကွက်မှာနာမည်ရပြီးသားမော်ဒယ်တွေနဲ့ ယှဉ်နိုင်ဖို့ အတွက် နည်းပညာပိုင်းမှာ စုံလင်နေအောင် ထည့်သွင်းဖန်တီးထားတာတွေ့ရပါတယ်။ အထူးသဖြင့်တော့ တန်ကြေးမြင့် မော်ဒယ်တွေမှာသာပါရှိလေ့ရှိတဲ့ မျက်ကွယ်ပိုင်း
အချက်ပြစနစ်တို့လိုစနစ်တွေအပြင် နောက်ဆုံးပေါ် အချက်ပြစနစ်တွေကိုပါ ထည့်သွင်းဖန်တီးလာတာတွေ့ ရပါတယ်။

နောက်တစ်ချက်ကတော့ ဒီဇိုင်းပိုင်းပါ။ ရုပ်ထွက်ပိုင်းက ဆွဲဆောင်မှုရှိပြီး သိသာပေါ်လွင်နေစေမယ့် ရုပ်ထွက်မျိုးဖြစ်တာကြောင့်
အဝေးကမြင်လိုက်တာနဲ့  C-HR မှန်း တန်းသိရအောင်ဖန်တီးထားတာဖြစ်ပါတယ်။

ဂရိတ်ခွဲအနေနဲ့  XLE နဲ့ XLE Premium ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Premium မော်ဒယ်ကတော့ ဇိမ်ခံမော်ဒယ်ပိုဆန်ပြီး XLE ကတော့ လမ်းကြောင်းစုံသုံးဖို့ ပိုကောင်းပါတယ်။ ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ထားပါတယ်။ ရှေ့ဘီးယက်စနစ်နဲ့ လာပါတယ်။ CVT စနစ်နဲ့ ဖြစ်လို့ မောင်းနှင်ရတာ လွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။

အင်ဂျင်က ရုန်းအား ၁၃၉ ပေါင်-ပေမှာ မြင်းကောင်ရေ ၁၄၄ ကောင်အား ထွက်ရှိပါတယ်။ ဆီစားနှုန်းကတော့ ပျမ်းမျှ တစ်ဂါလံကို
၂၉မိုင်လောက် မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ နောက်ဖက် ရိုက်ကူးကင်မရာစနစ်ပါရှိတယ်၊ ၇ လက်မအရွယ် Touch Display စနစ်နဲ့
ဖြစ်ပြီးအသုံးပြုရတာအဆင်ပြေတယ်။ Bluetooth စနစ် ချိတ်ဆက် သုံးနိုင်မယ်။ အသံပိုင်းအတွက် စပီကာ ၆လုံး တပ်ဆင်ထားပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ . . .

 

Leave a reply